Resistor (ရီစ္စတာ)
=============
အပိုင်း-(၁)
+++++++
၁။ ကျနော်တို့ အီလက်ထရောနစ်ကို လေ့လာပြီဆိုတာနဲ့ သူနဲ့ စတွေ့ရတာပါဘဲ။ Resistor လို့ဆိုလိုက်တာနဲ့ ကျနော်တို့ ပြေးမြင်မိတာ Colour Code ၊ Watt တန်ဖိုး ၊ စွမ်းအင်ကို အပူအနေနဲ့ ပြောင်းလဲပြီး လျော့ချပေးတဲ့ ပစ္စည်း ဆိုတာလေးတွေကို အရင်မြင်ကြတာပါဘဲ။ နောက်ထပ် ဗဟုသုတအနေနဲ့ သူ့အကြောင်း ထပ်ပြီး သိထားသင့်တာ လေးတွေ ကျနော်ဆွေးနွေးချင်ပါတယ်။ သိထားပြီးသား မိတ်ဆွေတို့အတွက် မလိုအပ်သော် ညားလည်း အမှတ်တမဲ့ ဖြစ်ခဲ့သော မိတ်ဆွေတို့အတွက် အသိတစ်ခုအနေနဲ့ မျှဝေဆွေးနွေးလိုက်ပါတယ်။
Resistor နှင့် ပတ်သက်သော အချက်များ
++++++++++++++++++++++++++++++
၂။ Resistor နဲ့ ပတ်သတ်ပြီး မဖြစ်မနေသိရှိထားရမယ့်အချက်တွေနဲ့ သိသင့်တယ်ထင်တဲ့ အချက်လေးတွေ ကအောက်မှာ ဖေါ်ပြပေးထားတဲ့အတိုင်းဖြစ်ပါတယ်။
(က) Resistor ဆိုတာဘာလဲ
(ခ) Colour Code ဖတ်နည်း
(ဂ) Watt အားသတ်မှတ်ချက်
(ဃ) Resistor သည် ဘယ်လိုElectronic Device လဲ
(င) Resistor အမျိုးအစားများ
(စ) ပြိုင်ဆက်ခြင်း၊ တန်းဆက်ခြင်း
(ဆ) Resistor ကိုအသုံးပြုသော #နာမည်ကျော်ကြား လူသုံးများသော အသုံးချပတ်လမ်းများ
(ဇ) Resistor များကို PCB တွင် စနစ်တကျ တပ်ဆင်ခြင်း
(ဈ) Resistor များကို စစ်ဆေးတိုင်းတာခြင်း
Resistor ဆိုတာဘာလဲ
++++++++++++++++
၃။ Resistor ဆိုတာက အီလက်ထရောနစ် ဆားကဒ်ပတ်လမ်းတွေထဲမှာ စီးဆင်းနေတဲ့ လျပ်စီးကြောင်းလေး တွေကို မိမိတို့ လိုအပ်တဲ့နေရာမှာ လိုအပ်သလောက်သာ ရောက်ရှိစေဖို့ ကန့်သတ်ရာမှာ အသုံးပြုရတဲ့ အီလက်ထရောနစ် အစိတ်အပိုင်း တစ်ခုဘဲ ဖြစ်ပါတယ်။ သူက မလိုအပ်တဲ့ စွမ်းအင်လေးတွေကို အပူအနေနဲ့ ပြောင်းလဲပြီး လျော့ချခြင်း လုပ်ဆောင်ပေး ပါတယ်။ ဒါကသူ့ရဲ့ တာဝန်ထမ်းဆောင်တဲ့ ပုံစံပါ။
Colour Code ဖတ်နည်း
+++++++++++++++++
၎။ Resistor ကို သုံးတော့မယ်ဆို အနည်းဆုံး Colour Code ကိုကောင်းကောင်း ဖတ်နိုင်ရပါမယ်။ တယ်လီဖုန်း တွေမှာ Colour Code Application လေးတွေလည်းရှိပါတယ်။ ဒါပေမယ့် စတင်လေ့လာသူတွေအနေနဲ့ Colour Code ဖတ်နည်းအတိုင်း စနစ်တကျလေ့ကျင့်ပြီးမှ မှန်/မှား လောက်သာ ပြန်လည်စစ်ဆေးတဲ့ အနေနဲ့Application သုံးသင့်တယ်လို့ ထင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဥပမာ- ဆားကဒ်ပတ်လမ်းလိုက်ခြင်း(Circuit Tracing) လုပ်တဲ့ အချိန်မျိုးမှာ Resistor တစ်လုံးကို ဖုန်းတစ်ခါနိုပ်နေဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ။
၅။ Resistor မှာရှိတဲ့ အရောင် တွေရဲ့ တန်ဖိုးသတ်မှတ်ချက်က #>>နက်(၀)၊ ညို(၁)၊နီ(၂)၊ လိမ်မော် (၃)၊ ၀ါ(၄)၊ စိမ်း(၅)၊ ပြာ(၆)၊ ခရမ်း (၇) ၊မီးခိုး (၈)၊ ဖြူ(၉) ဆိုပြီးဖြစ်ပါတယ်။ “နက်၊ညို၊နီ၊မော်…၀ါ၊စိမ်း၊ပြာ၊ရမ်း၊ခိုး၊ဖြူ” ဆိုပြီး အလွယ်တကူ မှတ်သားလို့ ကောင်းပါတယ်။ ကျနော်တို့ ဈေးကွက်ထဲမှာ အသုံးများလှတဲ့ Resistor တွေက အရောင် ၄ ရစ် (4-Band) ၊ ၅ ရစ် (5-Band) လေးတွေရှိပါတယ်။ 4-band နဲ့ 5-band resistor လေးတွေရဲ့ အရောင် နေရာချထားမှုလေးတွေကို အကျဉ်းအနေနဲ့ အောက်မှာဖေါ်ပြ ပေးလိုက်ပါတယ်။
>4-band >> တန်ဖိုး၊တန်ဖိုး၊ မြောက်ကိန်း၊ တိုး/လျော့
>> ညို ၊ နက်၊ လိမ် ၊ ငွေ= 10x 10(3) ±10%= 11KΩ (or) 9KΩ
>5-Band >> တန်ဖိုး၊ တန်ဖိုး ၊ တန်ဖိုး ၊မြောက်ကိန်း၊ တိုး/လျော့
>> ၀ါ၊ ရမ်း၊ နက်၊ လိမ် ၊ ရွှေ= 470x 10(3) ±5%= 493.5KΩ (or) 446.5KΩ
Colour Code ဖတ်နည်း ကိုပုံ (၂)မှာ ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါတယ်။
Power Rating (Watt )သတ်မှတ်ချက်
++++++++++++++++++++++++++
၆။ Resistor တွေမှာ Watt အားသတ်မှတ်ချက် အနေနဲ့က 10W ၊ 5W၊ 2W၊ 1W၊ ½ W ၊ ¼ W၊ 1/8 W စသည်ဖြင့် အသီးသီးရှိကြပါတယ်။ သူတို့ရဲ့ Watt အားပမာဏက အရွယ်အစားကို ကြည့်ခြင်းအားဖြင့်လည်း အလွယ်တကူ သိနိုင်ပါတယ်။ အရွယ်အစားကြီးရင် Watt ကြီးပြီး အရွယ်အစားသေးရင် Watt သေးတယ်လို့ မှတ်ယူရပါမယ်။ လျှပ်စီးကြောင်းပမာဏ ကြီး ကြီး သူ့ထဲကနေ ဖြတ်စီးမယ်ဆိုရင် Watt ကြီးကြီးကို သုံးရမယ်။ အသုံးပြုမယ့် လျှပ်စီးကြောင်းနဲ့ Resistor ရဲ့ Watt ပမာဏက တိုက်ရိုက် အချိုးကျပါတယ်။ ကိုယ်က Signal ဘဲ သူ့ထဲကနေဖြတ်စီးစေမှလား၊ Transistor / FET တွေကို ဖွင့်/ပိတ် Control လောက်ဘဲလုပ်မှာလား ၊ Load ကြီးကြီးဆွဲမယ်နေရာမှာ Curent Limit လုပ်ပေးရမှာလားစသဖြင့် နားလည်မှ Resistor ရဲ့ Watt တန်ဖိုးကို ကောင်းကောင်း တွက်ချက်အသုံးချနိုင်မှာဖြစ်ပါတယ်။ မလိုအပ်ဘဲ Watt အကြီးကြီးသုံးတော့ နေရာယူတယ်၊ ငွေကုန်ပါတယ်။ ပုံ(၃)မှာ Resistor Watt အမျိုးမျိုးကို နမူနာပြထားပါတယ်။
Resistor သည် ဘယ်လို Electronic Device လဲ
++++++++++++++++++++++++++++++++++++
၇။ အီလက်ထရောနစ် ပစ္စည်းအစိတ်အပိုင်းလေးတွေ (Electronic Devices ) မှာဆိုရင် အခြေခံအနေနဲ့ အပိုင်း ၂ ပိုင်းခွဲခြားထားပါတယ်။ ဒါကတော့ Active Components နဲ့ Passive Components ဆိုပြီးဖြစ်ပါတယ်။ ဘာလဲ Active ၊ Passive ။
၈။ #Active Components ဆိုတာက သူအလုပ်လုပ်စေဖို့ (သူ့ရဲ့လုပ်ဆောင်ချက် သက်ဝင်လှုပ်ရှားစေဖို့) ပြင်ပက နေ ထိန်းချုပ်မှု၊ ပံ့ပိုးမှု လုပ်ငန်းကို လုပ်ဆောင်ပေးရပါတယ်။ ဥပမာ အနေနဲ့ပြောရရင် Diode၊ Transistor ၊ SCR စသဖြင့်ပေါ့။ NPN Transistor တစ်လုံးဆိုပါဆို့ သူ့ကို ခလုတ်(Switch) တစ်ခုအနေနဲ့ အလုပ်လုပ်စေဖို့ဆိုရင် သူ့ရဲ့ Base ကို 0.6VDC ကျော်ကျော်လောက်ပေးမှ သူကစပြီး အလုပ်လုပ်စေတာဘဲ ဖြစ်ပါတယ်။ ဒါက active Compoents တွေရဲ့ သဘာဝပါ။
၉။ #Passive Components ဆိုတာက သူအလုပ်လုပ်စေဖို့ အတွက် ဘာပံ့ပိုးမှု၊ ထိန်းချုပ်မှုမှ မလိုအပ်ပါဘူး။ Resistor ၊ Capacitor ၊ Inductor တွေမှာ သူ့ထဲကို ဗို့၊လျပ်စီးကြောင်း စီးလာပြီဆိုတာနဲ့ သူ့တာဝန်ကို တိတိကျကျ စအလုပ်လုပ်တာပါဘဲ။ ပုံ(၄)မှာ Active နဲ့ Passive Components တွေကို နမူနာ ပြပေးထားပါတယ်။ ဒါကတော့ ဗဟုသုတအနေနဲ့ လိုအပ်မယ်ထင်လို့ပါ။
Resistor အမျိုးအစားများ
+++++++++++++++++
၁၀။ အမျိုးအစားခွဲခြားတဲ့ နေရာမှာ ဒါတွေသိထားမှ ရမှာလားဆိုတော့လည်း မဟုတ်ပါဘူး။ #တစ်ခုချင်းစီရဲ့ လုပ်လုပ်ပုံကို နားလည်ပြီး သုံးတတ်ရင်ဘဲရပါပီ။ ခုကျနော် ဆွေနွေးမှာက စည်းမျဉ်းအရ ရှိထားတာကို ခွဲခြားသိမြင် တတ်စေဖို့အတွက် ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီထဲမှာပါတဲ့ တစ်ချို့ သော Component လေးတွေကို Resistor ရဲ့ လုပ်ဆောင်ချက်အတိုင်း အလုပ်လုပ်နေတာကို သိရှိထားတော့ မှတ်သားရ နားလည်ရ လွယ်ကူစေပါတယ်။ အခြေခံအားဖြင့် Resistor အမျိုးအစား (၂) မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ အောက်မှာဖေါ်ပြ ပေးထားတဲ့ အတိုင်းဘဲဖြစ်ပါတယ်။
(က) Linear Type ။
(ခ) Non-Linear Type ။
Linear Type Resistors
++++++++++++++++
(က) Fixed Resistor
-Carbon Film
-Carbon Composition
-Metal Oxide Film
- Precision Metal Film
- Wire Round Resistor
- Fusible Resistor
(ခ) Variable Resistor
-Potentiometer
-Rheostat
-Trimmer
Non-Linear Resistor
+++++++++++++++
(က) Thermistor
(ခ) Light Dependent Resistor (LDR)
(ဂ) Varistor
(ဃ) SMD Resistor
၁၁။ အထက်မှာ ဖေါ်ပြထားတာတွေကတော့ Resistor တွေရဲ့ အမျိုးအစား ခွဲခြားမှုလေးတွေပါဘဲ။ တစ်ချို့သော Resistor အမျိုးအစားလေးတွေကို ကျွန်တော်ထပ်မံပြီး သပ်သပ်ရေးသွားပါ့မယ်။ Component တိုင်းဟာ ရိုးရှင်းတဲ့ အခြေခံပတ်လမ်းလေး တစ်ခုကို နမူနာယူပြီး မှတ်သားပါမှ မှတ်မိလွယ်ကူစေမှာပါ။ အလုပ်လုပ်ဆောင်ပုံကို လည်း ကောင်းကောင်း နားလည်သဘောပေါက်စေ မှာဘဲဖြစ်ပါတယ်။ ပုံ(၅ )မှာ Resistor အမျိုးအစားဇယားကို နမူနာ ပြထားပါတယ်။
ပြိုင်ဆက်ခြင်း၊ တန်းဆက်ခြင်း
++++++++++++++++++++
၁၂။ #ပြိုင်ဆက်ဆက်ခြင်း လုပ်တဲ့အခါ ခုခံအားတန်ဖိုးကို ကျဆင်းလာပြီး Watt အားတန်ဖိုး တိုးလာစေတဲ့ စနစ်ပါ။ လက်တွေ့ ဘယ်အခြေအနေမျိုးမှာ Resistor ကို ပြိုဆက်သုံးမလဲ။ အီလက်ထရောနစ် ပစ္စည်းတစ်ခုမှာ 50KΩ Resistor တစ်လုံးပျက်သွားတယ်ဆိုပါဆို့ ။ ကိုယ့်မှာ လက်ရှိအစားထိုးဖို့ အဲ့ဒီတန်ဖိုး မရှိဘူး။ အဲ 100kΩ Resistor တွေတော့ ရှိတယ်ဆိုတယ်။ ဒါဆိုရင် ဒီ 100kΩ Resistor နှစ်လုံးကို ပြိုင်ဆက်လေး ဆက်ပြီးသုံးလိုက်။ ဒါဆိုရင် 50KΩ Resistor တစ်လုံးရသွားပါပီ။ နောက်တစ်ခုက Wattအား မြင့်မယ်။ ကိုယ်သုံးရမှာက 1Watt 50k Resistor ကိုယ့်မှာရှိတဲ့ Resistor 0.5Watt (1/2 W) တွေဘဲရှိတယ် ဆိုရင် 100K (0.5Watt) Resistor ၂ လုံးကို ပြိုင်ဆက်လေး ဆက်ပေးလိုက် 1Watt /50k Resistor လေးဖြစ်သွားပါပီ။ ဒါကပြိုင်ဆက်နဲ့ Watt တိုးမယ်၊ ခုခံအားကို လျော့ချမယ် လုပ်ဆာင်ချက်ပါ။ နောက်တစ်ခုက Resistor ကို ပြိုင်ဆက်ပြီး Current Dividing (လျပ်စီးကြောင်း ခွဲထုတ်ခြင်း) လုပ်ဆောင်ချက်ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ဒီလိုလုပ်တောင်ပုံကို အသုံးချပတ်လမ်းလေးနဲ့ ဆက်ပြီးရှင်းပြသွားပါ့မယ်။ သူ့ကို အောက်မှာပြထားတဲ့ Formula လေးနဲ့ ရရှိလာမယ့် တန်ဖိုးကိုတွက် ချက်လို့ ရပါတယ်။ ပုံ(၆ )မှာ Resistor Parallel ပတ်လမ်း နမူနာပြထားပါတယ်။
>>R(Total)= R1 * R2 / (R1 + R2)
Rt= 10*10/ (10+10)= 5KΩ
၁၃။ #တန်းဆက် ဆက်ခြင်းလုပ်လိုက်တဲ့အခါ ခုခံအားက တိုးလာပြီး Watt တန်ဖိုးကတော့ ပြောင်းလဲမှု မ၇ှိပါဘူး။ လက်တွေ့ ဘယ်အခြေအနေမျိုးမှာ Resistor ကို တန်းဆက်သုံးမလဲ။ အီလက်ထရောနစ် ပစ္စည်းတစ်ခုမှာ 50KΩ Resistor တစ်လုံးပျက်သွားတဲ့အချိန် လက်ရှိအစားထိုးဖို့ အဲ့ဒီတန်ဖိုး မရှိဘူး။ အဲ 47kΩ Resistor နဲ့ 3k Resistor လေးရှိတယ်ဆိုရင် သူတို့ ၂လုံးကို တန်းဆက်ဆက် သုံးလိုက်တာနဲ့ 50k Resistor လေးတစ်လုံး ရရှိသွားမှာ ဖြစ်ပါတယ်။ နောက် တစ်ခုကတော့ Resistor တွေကို တန်းဆက်ဆက်ပြီး Voltage Dividing (ဗို့တန်ဖိုး ခွဲထုတ်ခြင်း) ကို လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုလုပ်ဆောင်ပုံကို လည်း အသုံးချပတ်လမ်းလေးနဲ့ ဆက်ပြီးရှင်းပြသွားပါ့မယ်။ သူ့ကို အောက်မှာပြထားတဲ့ Formula လေးနဲ့ ရရှိလာမယ့် တန်ဖိုးကိုတွက် ချက်လို့ ရပါတယ်။ ပုံ(၇ )မှာ Resistor Series ပတ်လမ်း နမူနာပြထားပါတယ်။
>>R(Total)= R1 + R2
Rt=10K+10K=20K
အပိုင်း(၂) ဆက်ပါဦးမည်>>>>>
ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ>>>
Ko Thar Nge ( BE, EC )
Wednesday, 28 November 2018
7:22 pm
@ကျေးဇူးတင်လွှာ...
@100BC
ကိုယ်ပိုင်ပို့စ်နှင့်ကူးယူပို့များအတွက်ဆရာသုံးပါးအမြဲဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါသည်။လင်းဇော်.