Wednesday, 28 November 2018
ကွိုင်ထုပ်ပတ်ခြင်း
ကွိုင်​ထုပ်​တစ်​ထုပ်​ပတ်​ရာမှာ
မိမိက ဝပ်​ဘယ်​​လောက်​ထွက်​ ပတ်​ချင်​တယ်​ ။
ဝပ်​ဘယ်​​လောက်​ ခံနိုင်​တဲ့ကိုးလ်​ထုပ်​နဲ့
ထည့်​ရမယ်​ ။
ဝပ်​ဘယ်​​လောက်​ထွက်​တဲ့ကြိုးနဲ့ပတ်​ရမယ်​ဆိုတာ
အတွက်​အချက်​ ကအ​ရေးကြီးသွားပါပြီ ။
စာအုပ်​​တွေထဲက​ပုံ​သေနည်း​တွေ၊နိယာမ​တွေ
အကုန်​ချပြ၊​ရေးပြရရင်​​ခေါင်းရှုပ်​သွားမှာမို့
အသုံးများတဲ့လက်​​တွေ့နည်းကိုပဲ
အတိုချုပ်​​ရေးပြပါရ​စေ။
1500W ထွက်​မယ့်​ မီးအားမြှင့်​စက်​တစ်​လုံး
ပတ်​မယ်​ဆိုကြပါစို့ ၊
ပိုပိုသာသာ  1600Wထားပြီးတွက်​ပြပါ့မယ်​။
ကိုးလ်​၏​ထောင့်​ဖြတ်​ဧရိယာ=ထပ်​ထား​သောကိုးလ်​၏ထု×ကိုးလ်​၏မျက်​နှာပြင်​အကျယ်
စာကိုအတိုချုပ်​​ရေးပါ့မယ်
ထောင့်​ဖြတ်​ဧရိယာ=ကိုးလ်​၏ထု×အကျယ်
နောက်​တစ်​ခါ
W=[​ထောင့်​ဖြတ်​ဧရိယာ× 5.58] ×[​ထောင့်​ဖြတ်​ဧရိယာ × 5.58]
ကျော်​သီဟဖုန်းရဲ့  စာ​ရေးတဲ့​ဖောင့်​ထဲမှာ
စကွဲယားရုမပါလို့  ရသလို​ရေးပြရခြင်းပါ ။
ဓာတ်​ပုံတင်​​ပေးလိုက်​ပါတယ်​ ။
1600Wကိုစကွဲယားရုတင်​ရင်​ 40ရပါတယ်
အဲဒီ 40ကို  5.58နဲ့စားရင်
လိုအပ်​တဲ့ ကိုးရဲ့​ထောင့်​ဖြတ်​ဧရိယာ
(7.168)ရပါတယ်​ ။
အဲဒါဆို 2×3 လက်​မ  ကိုးလ်​ကိုသုံးမလား
2.5×3လက်​မကိုးလ်​ကိုသုံးမလား
ကြိုက်​ရာ​ရွေးချယ်​ပါ ။
1600Wကို  220ဗို့စားရင်​  1600Wထွက်​မယ့်
ကြိုးအင်​ပီယာရပါတယ်​ ။
ထပ်​ပြီးတွက်​ကြည့်​ရ​အောင်
W=1600W
V=220V
I= ?????
I=1600÷220
 =7.2727  အင်​ပီယာရပါတယ်
7.2727အင်​ပီယာအတွက်​အနီးဆုံးစီးဝင်​နိုင်​တဲ့ကြိုး
16ဂိတ်​က  6.44အင်​ပီယာ
15ဂိတ်​က   8.14အင်​ပီယာ
16ဂိတ်​နဲ့ပတ်​ရင်​  6.44×220=1416 ဝပ်​ထွက်​ပါမယ်
15ဂိတ်​နဲ့ပတ်​ရင်​  8.14×220= 1790ဝပ်​ထွက်​ပါမယ်
လက်​ရှိတွက်​လို့ရထားတဲ့ကိုးလ်​ 7.168ဟာ
ညှို့ကွိုင်​​နောက်​တစ်​ထပ်​အ​ပေါ်ကမပတ်​ပဲ
(တဆင့်​ခံကွိုင်​ထပ်​မပတ်​ပဲ)
ကွိုင်​တစ်​ထပ်​ထဲပတ်​ရင်​(​အော်​တိုပတ်​ခြင်း)
ဝပ်​အားနှစ်​ဆခံနိုင်​ရည်​ရှိလို့ သုံးနိုင်​ပါတယ်​။
နောက်​​နေ့မှ ကိုးလ်​ထုတ်​​ပေါ်​အပတ်​​ရေတွက်​နည်း
ရေးတင်​ပါ့မယ်​။
ဒါ​လောက်​ပါပဲ
စာလည်းဖတ်​ ၊ပုံ​တွေကိုလည်းကြည့်​ပါ
တတ်​နိုင်​သမျှ​တော့နားလည်​​အောင်​ရှင်းပြထားပါတယ်​။
ကျန်းမာချမ်းသာကြပါ​စေ ။
@100BC
ကိုယ်ပိုင်ပို့စ်နှင့်ကူးယူပို့များအတွက်ဆရာသုံးပါးအမြဲဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါသည်။လင်းဇော်.
၂၀၁၈-ခုနှစ်တွင်စတင်၍=>LinZaw-MKK ရေးသားသည်။