ကွိုင်ပတ်တော့မယ်ဆိုပါလျင်
လျှပ်စီးအင်ပီယာနဲ့ ဗို့ကိုတော့
အရင်သိရပါ့မယ်။
ဘာ့ကြောင့်လည်းဆို
လျှပ်စီးအင်ပီယာ ×ဗို့ =ဝပ်အား
ဖော်မြူလာအရဆိုရင်တော့
I ×V =W
အရပ်တွက်အနေနဲ့ကတော့
A×V=W ပေါ့
တစ်ခါပြန်ပြီး အင်ပီယာကိုလိုချင်တယ်
ဝပ်နဲ့ ဗို့ကိုသိတယ်ဆိုရင်
ဝပ်ကိုတည် ဗို့နဲ့စား
ဒါဆိုရင်သိချင်တဲ့အင်ပီယာကိုရပြီပေါ့
W÷V=I OR W÷V=A
နောက်တစ်ခါ ဝပ်နဲ့ အင်ပီယာသိတယ်
ဗို့ကိုသိချင်တယ်ဆိုရင်
ဝပ်ကိုတည် အင်ပီယာနဲ့စား
W÷I =V OR W÷A=V
ထမင်းပေါင်းအိုးဟာ ဝပ်တစ်ထောင့်တစ်ရာ
အသုံးပြုတယ်ဆိုကြပါစို့
ဗို့က ၂၂၀
လျှပ်စီးအင်ပီယာက ၅အင်ပီယာ
ဝပ်ကိုလိုချင်သိချင်ရင်
လျှပ်စီးအင်ပီယာ×ဗို့ =ဝပ်
I×V=W
I က လျှပ်စီးအင်ပီယာ
Vက ဗို့
I=၅
V=၂၂၀
၅×၂၂၀= W
၁၁၀၀=W
ဝပ်၁၁၀၀ရပါတယ် ။
အရပ်တွက်အနေနဲ့အတွက်များတာကတော့
Iနေရာမှာ အင်ပီယာကို Aနဲ့အစားထိုးပြီးရေးကြပါတယ်။
A×V=W လို့ပေါ့ ။
ကွိုင်ပတ်နည်းရေးမလို့အခြေခံအနေနဲ့
အစပျိုးနေတာပါ။
ဒီနေ့တော့ဒီလောက်ပါပဲ ။
ကျော်သီဟ
Wednesday, 28 November 2018
7:02 pm
@ကျေးဇူးတင်လွှာ...
@100BC
ကိုယ်ပိုင်ပို့စ်နှင့်ကူးယူပို့များအတွက်ဆရာသုံးပါးအမြဲဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါသည်။လင်းဇော်.