Wednesday, 28 November 2018

Android ဖုန်းတွေအပူလွန်လာရခြင်းအကြောင်းရင်းနဲ့ ဖြေရှင်းနည်းတစ်ချို့

အခုဆိုရင် ကျွန်တော်တို့အားလုံးက စမတ်ဖုန်းတွေပေါ်မှာပဲ မှီခိုနေရသလိုဖြစ်လာပါတယ်။ အရာတိုင်းမှာအသုံးဝင်လာတဲ့ ပစ္စည်းတစ်ခုဖြစ်လာတော့ ကိုယ်ဘယ်လောက်များများသုံးမိလဲဆိုတာကိုလိုက်ပြီး ကိုယ့်ဖုန်းကိုဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းကတော့ ဆက်တိုက်သုံးပါများရင် ပူမှာပါပဲ။ ဒါပေမယ့် အပူမလွန်စေဖို့အတွက် ဘယ်လိုသုံးရင် အပူလွန်စေမယ် အပူလွန်လာခဲ့ရင်တောင် ဘယ်လိုပြင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အပူလွန်စေတဲ့အကြောင်းရင်းများနဲ့ဖြေရှင်းနည်း

Android ဖုန်းတွေမှာ CPU တွေ GPU တွေအလုပ်လုပ်ရတာများရင် လေးလံတဲ့ apps တွေကိုဖွင့်သုံးတာကြာလာရင် အပူလွန်လာမှာပါ။ အပူလွန်တယ်ဆိုတဲ့နေရာမှာလည်း ၃မျိုးရှိပါတယ်။

– CPU နဲ့ GPU အပူလွန်ခြင်း

– ဘက်ထရီအပူလွန်ခြင်း

– ဆော့ဖ်ဝဲလ် upgrade လုပ်ရင်အပူလွန်ခြင်းတွေပါ။

CPU နဲ့ GPU အပူလွန်ခြင်း

သူကတော့ Android ဖုန်းတိုင်း တက်ဘလက်တိုင်းနီးပါးမှာ ဖြစ်တတ်တဲ့ အပူလွန်ခြင်းမျိုးပါ။ အရမ်းကြီးတဲ့ပြဿနာတော့မဟုတ်ပါဘူး။ အပူလွန်လာပြိဆိုရင်လည်း ကိုယ်သုံးနေတဲ့ app တွေကို သေချာ control လုပ်နိုင်ရင်ပြေပါတယ်။

မလိုအပ်တဲ့ app တွေကို Uninstall လုပ်ပါ။

App တွေများများသွင်းထားလေ ဖုန်းကအပူပိုထွက်လေပါပဲ။ background မှာ run နေတဲ့အခါ CPU နဲ့ GPU ကို သုံးရတာများပြီးအပူပိုထွက်တဲ့အတွက် မလိုအပ်တဲ့ မသုံးတဲ့ app တွေဆိုရင်တော့ uninstall သာလုပ်လိုက်ပါ။

4G/ LTE/ 3G တွေကောင်းကောင်းသုံးပါ။

3G, 4G network တွေက လိုင်းကောင်းနေဖို့လိုပါတယ်။ network signal တွေက နှေးနေရင် လိုင်းရှာနေရတဲ့အတွက် CPU တွေ ရေဒီယိုလှိုင်းတွေပိုအလုပ်လုပ်ရပြီး ဘတ်ထရီမြန်မြန်ကုန် ပူလာပါတယ။် ဒါကြောင့် ကိုယ်နေတဲ့နေရာကိုလိုက်ပြီး ရမယ်ဆိုရင် 4G/ LTE/ 3G အဆင်ပြေတဲ့လိုင်းကိုရွေးသုံးပါ။

ဘက်ထရီအပူလွန်ခြင်း

ဘက်ထရီက တစ်ခုခုတော့မှားနေပြီလို့ထင်ရင် ကုမ္ပဏီရဲ့ original ဘက်ထရီနဲ့ပြန်အစားထိုးပါ။ ဘက်ထရီကအမှားပါရင် ပေါက်ကွဲနိုင်ခြေများပါတယ်။ ပေါက်ကွဲသွားရင်တော့ ဖုန်းတစ်လုံးလုံးလည်း ပလုံသွားမှာပါ။ စမတ်ဖုန်းတစ်လုံးရဲ့ ဘက်ထရီသက်တမ်းက charging cycle 300-500 ကြားရှိပါတယ်။ နေ့တိုင်းတစ်နေ့တစ်ကြိမ်သွင်းရတဲ့သူဆိုရင်တော့ ၁ နှစ် / ၂နှစ် တစ်ခါလောက် ဘက်ထရီလဲပေးရပါမယ်။ ဒါဆိုဘက်ထရီကြောင့် ဖုန်းကိုပါ လာထိခိုက်စေတာမျိုးရှိမှာမဟုတ်တော့ပါဘူး။

Software Upgrade ကြောင့်အပူလွန်ခြင်း

သူကတော့ ဖြစ်လည်းဖြစ်ခဲ့သလို ဖြစ်ရင်လည်း သိပ်သတိမထားမိကြပါဘူး။ ဒီလို software upgrade လုပ်ပြီးမှပူလာတတ်တယ်ဆိုရင်တော့ update အသစ်ရတဲ့ထိ စောင့်ရင်စောင့် မဟုတ်ရင် downgrade ပြန်ချမှပဲရမှာပါ။

ဖုန်းကိုအေးစေမယ့်နည်းလမ်းတွေ

၁. ဖုန်းကိုအလွန်အကျွံမသုံးမိရင်ကောင်းပါတယ်။

၂. ဂိမ်းကိုနာရီပေါင်းများစွာဆက်တိုက်ဆော့ရငသ်လည်း အပူလွန်လာမှာပါပဲ။

၃. ဖုန်းကိုအားသွင်းနေရင်းမသုံးပါနဲ့။

၎. ပြင်ပမှာလေနဲ့တိုက်ရိုက်တွေ့ထိတဲ့အခါ ဖုန်းကာဗာကိုချွတ်ထားပေးလိုက်ပါ။

၅. ဖုန်းရဲ့ဘက်ထရီအခြေအနေကိုစောင့်ကြည့်ပေးပါ။

၆. တချို့ဖုန်းတွေ ဂိမ်းတွေက ဖုန်းထဲမှာနေရာယူရုံတင်မကဘဲ မသုံးရင်တောင် ဘက်ထရီကိုအားကုန်စေပါတယ်။ CPU အလုပ်လုပ်ရပြီး ဘက်ထရီကိုလည်းထိခိုက်တဲ့အတွက် အဲဒီလို app တွေရှိနေရင် uninstall လုပ်လိုက်ပါ။

၇. နောက်မှာ run နေတဲ့ app တွေ process တွေကိုလည်း ထိန်းရပါမယ်။  Wi-Fi, hotspot, Bluetooth တို့ဆိုတာလည်း ဖွင့်ထားတာကြာလာရင် ဖုန်းကိုပူလာစေပါတယ်။ ဖုန်းတွေအပူလွန်ရတဲ့အကြောင်းရင်းနဲ့ အပူမလွန်အောင် ဘယ်လိုလေးကာကွယ်သင့်လဲဆိုတာသိရင်တော့ အပူလွန်ပြီး ဖုန်းတစ်ခုခုဖြစ်မှာ စိတ်ပူစရာမလိုတော့ပါဘူး။

Crd-Original

@100BC

ကိုယ်ပိုင်ပို့စ်နှင့်ကူးယူပို့များအတွက်ဆရာသုံးပါးအမြဲဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါသည်။လင်းဇော်.

 

၂၀၁၈-ခုနှစ်တွင်စတင်၍=>LinZaw-MKK ရေးသားသည်။